Tatlan Mobile Application ကိုအသုံးမပြုမီ ဤစည်းမျဉ်းစည်းကမ်းများကို ဖတ်ရှုနားလည်သိရှိထားရန်လိုအပ်ပါသည်။ ဤစည်းမျဉ်းစည်းများအရ Tatlan Mobile Application ကို စီမံဆောင်ရွက်လျက်ရှိပါသည်။ သင်သည် Tatlan Mobile Application သို့ ဝင်ရောက်အသုံးပြုနေသူဖြစ်ပါက ဤစည်းမျဉ်းစည်းကမ်းများကို သဘောတူလက်ခံပြီးဖြစ်ကြောင်း အတည်ပြုပါသည်။ ဤစည်းမျဉ်း စည်းကမ်းများ၏ အကြောင်းအရာတစ်ခုခုကို လက်ခံသဘောတူညီမှုမရှိပါက Tatlan Mobile Application ကို အသုံးပြုနိုင်မည် မဟုတ်ပါ။
၁။ Tatlan Mobile Application ကိုအသုံးပြုသူသည် အသက် ၁၈ နှစ်ပြည့်ပြီး သူဖြစ်ရပါမည်။ အသက် ၁၈ နှစ်အောက်
ဖြစ်ခဲ့ပါက အုပ်ထိန်းသူ၏ ခွင့်ပြုချက် ရယူပြီးမှသာ အသုံးပြုရပါမည်။
၂။ Tatlan Mobile Application ဝန်ဆောင်မှုအား KBZpay မိုဘိုင်းလ်အက်ပလီကေးရှင်း အသုံးပြုသူများအားလုံး
အခပေးစနစ်ဖြင့် အသုံးပြုနိုင်ပါသည်။
၃။ ။အသုံးပြုသူသည် သင်၏ ဖုန်းအတွင်းသို့ထည့်သွင်းမည်ဆိုပါက အောက်ဖော်ပြပါ စည်းကမ်း သတ်မှတ်ချက်များကို
သဘောတူညီမှုပြုလုပ်ရန်လိုအပ်ပါသည်။
၁။ ။အသုံးပြုသူ၏ မည်သည့် အကြောင်းအရာ အချက်အလက် များကိုမှ တရားဝင်မဟုတ်သောနည်းလမ်း နှင့် ဖော်ပြခြင်းမှ ကာကွယ်နိုင်ရန် အတွက် Electronic Procedures များကိုအသုံးပြုထားပါသည်။
၁။ ။စည်းမျဉ်းစည်းကမ်းများကို လိုအပ်သည့်အချိန်၌ ပြင်ဆင်ခြင်း သို့မဟုတ် ဖြည့်စွက်ခြင်း
စသည်တို့အားလုပ်ပိုင်ခွင့်ရှိပါသည်။ ထိုဆောင်ရွက်မှုများ အကောင်အထည်ပေါ်လာပါက စည်းမျဉ်းစည်းကမ်း အသစ်များကို
စတင်အသုံးမပြုမီ ၁၅ ရက်ခန့် ကြိုတင်၍ အကြောင်းကြားနိုင်ရန်ကြိုးစားပါမည်။
၂။ ။တက်လမ်း မိုလ်ဘိုင်းအက်ပလီကေးရှင်းကို အခပေး အသုံးပြုနေသော သူများအတွက် အခါအားလျှော်စွာ ကျင်းပပြု
လုပ်လေ့ရှိသော Promotion များနှင့် အခြားသော Campaign များအတွက် လိုအပ်သောစည်းမျဉ်းစည်းကမ်းများကို လိုအပ်သလို
ထုတ်ပြန် ကြေငြာသွားမည်ဖြစ်ပြီး အငြင်းပွားမှုကိစ္စ အကြောင်းအရာ တစ်စုံတစ်ရာ ရှိခဲ့ပါက “တက်လမ်း” ဆုံးဖြတ်ချက်
အတိုင်းသာ သဘောတူ နားလည်ပြီး လိုက်နာဆောင်ရွက်ရမည်ကို သိရှိပြီးဖြစ်ပါသည်။
တက်လမ်း မိုလ်ဘိုင်းအက်ပလီကေးရှင်းအတွက် ဝန်ဆောင်ခ တစ်ပတ်လျှင် ၁၁၀၆ ကျပ် ကျသင့်မည်ဖြစ်ပါသည်။ တစ်လဝန်ဆောင်ခ အတွက် ၄၇၄၀ ကျပ် ကျသင့်မည် ဖြစ်ပါသည်။ ဝန်ဆောင်မှုကို “Tatlan” မှအပြည့်အဝပိုင်ဆိုင်ပြီး ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ မေးမြန်းလိုသည်များ သို့မဟုတ် အကြောင်းကိစ္စတစ်ခုခုကို “Tatlan” ထံသို့တိုက်ရိုက် ဆက်သွယ်သင့်ပါသည်။ ဤစည်းကမ်းချက်များတွင် လူကြီးမင်းအား အတိအလင်း ခွင်ပြုမထားသော အခွင့်အရေးများ အားလုံးကို ကျွန်ုပ်တို့ သို့မဟုတ် ကျွန်ုပ်တို့၏ အသုံးပြုခွင့်ပေးသူများ၊ ထောက်ပံ့သူများ၊ ထုတ်ဝေသူများ၊ အခွင့်အရေး ကိုင်ဆောင်သူများ သို့မဟုတ် အခြားသော အကြောင်းအရာ ပံ့ပိုးပေးသူများက ထိန်းသိမ်းရယူထားပါသည်။ လူကြီးမင်းအနေဖြင့် ဤစည်းကမ်းချက်များနှင့် ဥပဒေအရခွင့်ပြုထားသော ဝန်ဆောင်မှုကိုသာလျှင် အသုံးပြုနိုင်ပြီး အခြားအရာအားလုံးအသုံးပြုခြင်းကို တင်းကြပ်စွာတားမြစ်ထားပါသည်။ Tatlan ၏ တစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့် အကြောင်းပြချက်တစ်ခုခု သို့မဟုတ် အကြောင်းပြချက် မရှိဘဲ လူကြီးမင်း၏ ဝန်ဆောင်မှုသို့ ဝင်ရောက်မှုကို အကြောင်းကြားမှုနှင့် တာဝန်ခံမှုမရှိဘဲ အမြဲတမ်း သို့မဟုတ် ယာယီရပ်စဲခြင်း၊ ဆိုင်းငံ့ခြင်း သို့မဟုတ် အခြားနည်းဖြင့်ခွင့်ပြုရန် ငြင်းဆန်ခြင်းများ အချိန်မရွေး ပြုလုပ်နိုင်သည်။ ထိုသို့သောကိစ္စရပ်မျိုးတွင် လူကြီးမင်းသည် စည်းကမ်းချက်များတွင်ပါဝင်သော ဆက်လက်တည်ရှိနေမည့် စည်းကမ်းချက်များကို ဖြည့်ဆည်းရန် လိုအပ်သည့်အတိုင်းအတာအထိ ဆက်လက်လိုက်နာရပါမည်။ လူကြီးမင်း၏ဝန်ဆောင်မှုအသုံးပြုမှုသည် သတ်မှတ်အချိန်နှင့် သတ်မှတ်အချိန်မဟုတ်သော ဝန်ဆောင်မှု အဆက်ပြတ်ခြင်းများပေါ် မူတည်နိုင်သည်။ ဝန်ဆောင်မှု အဆက်ပြတ်ခြင်း၊ (စီစဉ်ထားသည်ဖြစ်စေ၊ စီစဉ်မထားဘဲဖြစ်စေ) ချို့ယွင်းမှုဖြစ်ပေါ်ခြင်း သို့မဟုတ် မဝင်ရောက်နိုင်ခြင်းတစ်ခုခုအတွက် “Tatlan” သည် လူကြီးမင်းအပေါ် သို့မဟုတ် မည်သည့်တတိယပုဂ္ဂိုလ်များအပေါ်မဆို တာဝန်ရှိမည် မဟုတ်သည်ကို လူကြီးမင်းအနေဖြင့် သဘောတူညီပါသည်။ Tatlan သည် လူကြီးမင်း၏ ဝန်ဆောင်မှု အသုံးပြုမှု သို့မဟုတ် အလွဲသုံးစားပြုမှု၊ အခြားအသုံးပြုသူများနှင့် အပြန်အလှန် ဆက်သွယ်ဆောင်ရွက်မှု သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အခြားဆောင်ရွက်မှု သို့မဟုတ် ပေါ့လျော့မှု တစ်ခုခုအတွက် တာဝန်ရှိမည်မဟုတ်ပါ။
“Tatlan” မိုဘိုင်းအက်ပလီကေးရှင်း ဝန်ဆောင်မှုရယူထားသူများသည် လျှောက်လွှာပုံစံတွင် အချက်အလက် ပြည့်စုံစွာဖော်ပြထားပါသည်။ ထိုအချက်အလက်များကို ဖတ်ရှုနားလည်ပြီးမှ အသုံးပြုသူများသည် ဝန်ဆောင်မှုကို ရယူထားခြင်းဖြစ်သည့်အတွက် နားလည်မှုတစ်စုံတစ်ရာ ကို လွဲချော်ခဲ့သည်ရှိသော် ပြန်အမ်းငွေကို ရနိုင်မည်မဟုတ်ပါ။
၁။ ။တက်လမ်း မိုလ်ဘိုင်းအက်ပလီကေးရှင်း တွင် အခြားကြော်ငြာ websites (သို့) Mobile App (Linked Site) များ (သို့) ချိတ်ဆက် Link များ ပါဝင်နိုင်ပါသည်။ထိုကြော်ငြာ Linked Sites များသည် ကျွနု်ပ် ၏ ထိန်းချူပ်မှုအောက်တွင်မရှိပဲ Linked Site များ Update ပြုလုပ်ခြင်း (သို့) ပြောင်းလဲခြင်း တစ်စုံတစ်ရာ (သို့) ကန့်သတ်ခြင်းများ မရှိဘဲ မည်သည့် Linked Site အတွက်မဆို တာဝန်မရှိပေ။
၁။ ယခု App သည် တရားဝင် မူပိုင်ခွင့်မှတ်ပုံတင်ထား ပြီး ပြဌာန်းထားသော တည်ဆဲတရားဥပဒေ၏ ကာကွယ်မှုအောက်တွင်
တည်ရှိသည်။
၂။ Tatlan Mobile Application တွင်ပါဝင်သည့် HTML နှင့် အခြား Code များ, ဖွဲ့စည်းထားသည့် မာတိကာ(Contents)များ၊
အကြောင်းအရာ၊ စာသားများ၊ ပုံများ စသည်တို့အား ကူးယူသုံးစွဲခြင်း၊ ဆင်တူရိုးမှား၊ ထင်ယောင်ထင်မှား
တုပပြုလုပ်ခြင်းများကို ပြင်းထန်စွာ တားမြစ်သည်။
၃။ Tatlan၏ Logo အား ဆင်တူရိုးမှား၊ ထင်ယောင်ထင်မှား တုပပြုလုပ်ခြင်းများကိုလည်း ပြင်းထန်စွာ ထားမြစ်ထားသည်။
၄။ အခပေး အသုံးပြုသူများသည် တက်လမ်း အက်ပလီကေးရှင်းမှ အခါအားလျှော်စွာ ကျင်းပလေ့ရှိသော Promotion အစီအစဉ်များ
နှင့် အခြား Campaign အစီအစဉ်များတွင် ထုတ်ပြန်ကြေငြာထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း ပါဝင်ခွင့်ရှိပါသည်။
၅။ အသုံးပြုသူသည် နေ့စဉ်လွှင့်တင်နေသော သတင်းအကြောင်းအရာများကို အချိန်နှင့် တစ်ပြေးညီ ဖတ်ရှုနိုင်ရန်အ တွက်
Internet (Mobile Data/ Wi Fi) ချိတ်ဆက်အသုံးပြုရန်လိုအပ်ပါသည်။
၆။ Tatlan Mobile Application တွင် လွှင့်တင်ထားသော သတင်းအကြောင်းအရာများကို အများနှင့် သက်ဆိုင်သော
နေရာများတွင် ပြန်လည်ဖြန့်ဝေခြင်း၊ တစ်ဦး တစ်ယောက်၏ ပုဂ္ဂလိက အကျိုးစီးပွား၊ အသင်းအဖွဲ့၊ ကုမ္ပဏီ စသည်တို့၏
အကျိုးစီးပွားအတွက် ဖြန့်ဝေခြင်း၊ ရောင်းချခြင်းများကို ပြင်းထန်စွာ တားမြစ်သည်။
၇။ Tatlan Mobile Application အား တရားဝင်ခွင့်ပြုထားသော download link များမှဖြစ်စေ၊ blue tooth, Apk Share,
Zapyar, Flash Transter စသည်တို့ဖြင့် လွတ်လပ်စွာ ဖြန့်ဝေသုံးစွဲနိုင်ပါသည်။အထက်ပါအချက်အလက်များကို
ဖတ်ရှုနားလည်သဘောတူညီပြီးဖြစ်ပါက အသုံးပြုရန် ဆက်လက်လုပ်ဆောင်နိုင်ပြီ ဖြစ်ပါသည်။